ဇွဲစိတ်



ဇွဲစိတ်
အသင်တို့မှာ ဘယ်ချိန်ခါမှ
ရာဇာသေဌ်နင်း နန်းစံမင်းတို့
လျဉ်းလျဉ်းအစဉ် မရှိတွင်ဟု
ရှုတ်ချပြစ်တင် ကဲ့ရဲ့လျှင်လည်း
ရင်ဝပူနွေး သောကထွေးတို့
အလေးဂရု ရေးမပြုသင့်။

အသင်တို့မှာ ရိုးရာသိမ်မွေ့
ဓလေ့စာပေ ရှိပစေလည်း
လျှမ်းဝေပြည့်ဝ မရှိကြဟု
ရှုတ်ချပြစ်တင် ကဲ့ရဲ့လျှင်လည်း
ရင်တွင်ပူနွေး သောကထွေးတို့
အလေးဂရု ရေးမပြုသင့်။

အသင်တို့ကား ၀တ်စားပြင်ဆင်
ဆင်ယင်ထုံးဖွဲ့ လှသထက်လှ
ရှုမ၀အောင် စွမ်းဆောင်တုံလည်း
ကုံလုံပြည့်ဝ မရှိကြဟု
ရှုတ်ချပြစ်တင် ကဲ့ရဲ့လျှင်လည်း
ရင်တွင်ပူနွေး သောကထွေးတို့
အလေးဂရု ရေးမပြုသင့်။

ထိုသူ့စကား မိန့်ချက်များသည်
တို့အားစိတ်ဓါတ် နိုးကြွထအောင်
လှုံဆွပေတောင်း မိန့်ချက်ကောင်းဟု
နှစ်ထောင်းအားရ ၀မ်းမြောက်ကြလော့
ငါတို့တစ်တွေ ညီနောင်တွေလည်း
စာပေစကား ဓလေ့များကို
ထွန်းကားဖို့ရေး အားသစ်မွေးလော့။

မည်သို့ပုံစံ မည်သို့ဟန်ဖြင့်
ရည်သန်တောင့်တ ပုံစံလှကို
တပ်အပ်သေချာ စီမံပါက
မကြာနေ့ရက် တစ်ဆက်ဆက်လျှင်
ရောက်လျက်မှန်စွာ မလွဲသာတည်း။

ထိုကြောင့်မျိုးဆွေ တို့တစ်တွေလည်း
စီးလေမြစ်ယဉ် တသွင်သွင်သို့
တွင်တွင်မနား လွန်ကြိုးစားက
လိုလားပန်းတိုင် ရောက်လှမ်းနိုင်လိမ့်
ပန်းတိုင်ရောက်ရေး ဇွဲစိတ်မွေးလော့။

ဆက်ဖတ်ရန်...

အေ.ထံင်ဏိင်းသင့် ဟှယ့်အေ.မင့်

ဆက်ဖတ်ရန်...

နအဖ သတင်းစာ