လူငယ့်စွမ်းအားကရင်များ

လူငယ့်စွမ်းအားကရင်များ

နေ၀န်းထွန်းတောက် အလင်းရောက်
တောက်ပရောင်ဝါ ဤကမ္ဘာ
ထ,လော့ကရင် အို...ကရင်
ညီကြလေတော့ ညီလေတော့။

ပညာတစ်ခေတ် ဆန်းသစ်နေ့
လေ့လာကြိုးစား မြဲမှတ်သား
ဖြစ်ရပ်တစ်ခွင် ဥာဏ်နှင့်ယှဉ်
လူငယ်စွမ်းအား အားတစ်ပါး
ကြိုးစားလေတော့ ကြိုးစားတော့။



နှစ်ပေါင်းထောင်ချီ ရှိခဲ့ပြီ

တည်မြဲဂုဏ်အင် ကမ္ဘာတွင်
ယဉ်ကျေးမှုများ ဒို့စကား
များမြောင်စာပေ ဘိုးဘွားမွေ
မမေ့လေနှင့် မမေ့နှင့်။

နုပျိုလူငယ် ဒို့လူငယ်
ရွယ်စိတ်သွက်လက် ဒို့အတွက်
ဆက်လက်ညီညာ ကြိုးစားကာ
စာပေလေ့ကျက် ဆင့်ဆင့်တက်
ထက်မြက်ကရင် ရည်ရွယ်သင်
ယဉ်ကျေးမှုများ မမေ့ငြား
ထိန်းသွားလေတော့ ထိန်းလေတော့။

ကရင့်လူ့ဘောင် ဒို့ပျိုးထောင်
မောင်တို့လူငယ် ပြုစုမယ်
ရွယ်တူညီညာ သွေးစည်းကာ
စာ၊ စကားစု ယဉ်ကျေးမှု
တုယူလက်ကမ်း ရာစုလမ်း
လျှောက်လှမ်းလေတော့ လှမ်းလေတော့။

နအဖ သတင်းစာ