ကရင်အမျိုးသား အလံတော်

ကရင်အမျိုးသား အလံတော်

တိုင်တော်ထက်က အမျိုးသားအလံ၊
လေမှာလွင့်လို့ ၀င့်ကြွားဟန်
လေးနက်ကာယုံကြည်မူ့၊
ကရင်လူထုကိုယ်စားပြု
''အနီ''ရောင်ကရဲရင့်ကာ၊
တည်ကြည်မှုအတွက် ဖော်ညွန်း"အပြာ"

ဖြူစင်ကာစိတ်ထားလှ၊
"အဖြူ" ရောင်ဖြင့်ပေါင်းစပ်ပြ
တက်သစ်စနေ၀န်းပမာ၊
နိုးကြားမှုဖြင့်ကြိုးစားကာ
ရောင်စဉ်ဖြာကိုးသွယ်က၊
ဆင်းသက်လာကြကိုးဒေသ
ယဉ်ကျေးမှုနှင့်ကျက်သရ၊
ဖားစည်လေးကဖော်ညွန်းနေ
ညီညွှတ်ခြင်းဖြင့် ထာရ၊
ဝေဟင်ထက်မှာလွင့်လို့လှ။

နအဖ သတင်းစာ