ဇွဲကပင်မြေမှ...ဖိတ်ခေါ်ပါရစေ

ဇွဲကပင်မြေမှ......ဖိတ်ခေါ်ပါရစေ

လွမ်းမောသာစည် ကရင်ပြည်မှ
ဆန်းစပြာသို နှစ်သစ်ကြို၏
ပြာသိုဗိမာန် ဖားစည်သံနှင့်
သံပြိုင်မြူးကြွ ဒုံးအကနှင့်
နှုတ်ခွန်းဆက်သလိုက်ပါသည်။





ငွေနှင်းရည်ဆမ်း ခွာညိုပန်း
ဖားစည်သံနှင့် ကရင့်သစ္စာမျိုးမဟာ
ရိုးရာယဉ်ကျေး ကောက်သစ်မွှေး
ဆောင်းလေမြူးသည့် နှစ်ကူးပွဲတော်
တူနွဲပျော်ဖို့ ဇွဲကပင်မြေမှ
ဖိတ်ခေါ်ပါရစေ..အို......မိတ်ဆွေ။

နအဖ သတင်းစာ