ချစ်သောဇွဲကပင်

ချစ်သောဇွဲကပင်

စိမ်းမြရွန်းစို
သစ်ရိပ်ညိုလဲ့
လွမ်းဖွယ့်တုန့်တင်
ဇွဲကပင်....
ဘယ်ရှင်နတ်ကယ်
ဖန်သည့်နှယ်...



ထိခေါင် ထိခေါင်
လျှိုမြောင်ဝန်းလည်
သင်းကြည်တောတန်း
ရွှင်လန်းမြူးကြွ ဒုံးအက
ဒေါနခွန်းသီ...
ရွှေဖားစည်။

အတိတ်ဟိုးရှေး
ရေးရေးမှုန်ပြ
စွန်းတစ်စမှ
ထွန်းပခြိမ့်သဲ
နှစ်သစ်ပွဲ...
တို့ရင်ထဲက..ဇွဲကပင်။

နအဖ သတင်းစာ