ပြည်ထောင်စုအလှမြေကရင်ပြည်

ဆွတ်ပြန့်ကြည်မော၊ တောနှင့်တောင်နှင့်
လှသောရွှေပြည်၊ ကရင်ပြည်။

ပန်းပေါင်းစုံသင်၊ ဝေသောနှင်းနှင့်
အဆင်းလှပေ၊ ဇွဲကပင်မြေ။

သံလွင်ဧရာ၊ စီးရစ်ဖြာ၍
သာယာပေသည်၊ ကရင်ပြည်။

ရွှေရောင်ငွေရောင်၊ စေတီရောင်ဖြင့်
အမှောင်ကင်းပေ၊ ဇွဲကပင်မြေ။

စပါးရွှေဝါ၊ ရတနာနှင့်
ဝေဆာပေသည်၊ ကရင်ပြည်။

သာယာဝေစည်၊ တို့ရွှေပြည်၌
ချစ်ကြည်ပေါင်းစု၊ စွမ်းတောင်မှုသည်
မြေထုမက၊ ခိုင်မြဲစွတည်း။

တောင်ပေါ်မြေပြန့်၊ သင်းထုံပျံ့ ၍
ရံနံ့သင်းသင်း၊ မေတ္တာနှင်းသည်
သားချင်းနောင်ညီ၊ ရှေ့သို့ချီ။

ဓလေ့ရိုးရာ၊ မွေ့လျော်ကာနှင့်
ကရင်ဂုဏ်မြင့်၊ မျိုးဂုဏ်တင့်သည်
ရဲရင့်ပေသည်၊ တို့နောင်ညီ။

ပြည်ထောင်စုမြေ၊ အလှဝေအောင်
တို့တွေကြိုးပမ်း၊ ၀ိုင်းဝန်းထမ်းစို့ ။ ။

နအဖ သတင်းစာ