Showing posts with label ဗွီဒီယို. Show all posts
Showing posts with label ဗွီဒီယို. Show all posts

ကရင်သီချင်း

ဆက်ဖတ်ရန်...

ကျွနိုပ်တို့၏မနက်ဖြန်

ကျွန်ုပ်တို့ကရင်လူမျိုးများသည် မနက်ဖြန်၏အသီးအပွင့်တို့ဖြင့် ဝေဆာနေသော အခင်းအကျင်းများနှင့်အတူ စိန်ခေါ်နေသော လှေခါးထစ်များကိုလည်း ကျော်ဖြတ်ရဦးမည်။ ကျွန်ုပ်တို့သည် ယင်းအသီးအပွင့်များကို ခူးယူစားသုံးပြီး စိန်ခေါ်နေသောလှေခါးထစ်များကို လျစ်လျူရှု၍ရကောင်းရပေမည်။ သို့သော် မနက်ဖြန်တိုင်း၏ ပစ္စက္ခအခြေအနေ ရိုက်ခတ်အကဲစမ်းမှုကိုတော့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

မနက်ဖြန်တိုင်းသည် ရက်ရာဇာချည်းတော့ မဟုတ်နိုင်ပေ။ တချို့သော မနက်ဖြန်တို့သည် ကြယ်စင်တွေလင်းလက်ပြီး လတ်ဆတ်သောလေညင်းတို့ သယ်ဆောင်တိုးဝှေ့လျက် ရောင်နီ၏သမီးပျိုတို့ဖြင့် အလှကျက်သရေတိုးသည့် နေ့လည်းရှိပေမည်။ တချို့သောမနက်ဖြန်တို့သည်ကား မည်းမှောင်ညို့မှိုင်းနေသော တိမ်လိပ်မိုးသားတွေနှင့်အတူ လျှပ်တ၀င်းဝင်းထလျက် ရိုင်းကြုတ်သော လေနီကြမ်းတို့ဖြင့် အစပြုသည့်နေ့လည်း ရှိနိုင်သည်။ မည်သို့ဆိုစေ လူသားအားလုံးသည် မနက်ဖြန်တိုင်း၏ အကောင်းအဆိုးဟူသမျှကို ရင်ဆိုင်ကြရမှာက မြေကြီးလက်ခတ်မလွဲပေ။

အထူးသဖြင့် အနာဂတ်ကို ပခုံးပြောင်း တာဝန်ယူကြမည့် ယနေ့ကရင်လူငယ်များသည် ခေတ်ရေစီးကြောင်းထဲတွင် အလိုက်သင့် စည်းဝါးကိုက် တိမ်းညွတ်ရုံဖြင့်မပြီးပေ။ ရေစီးကြောင်းတစ်ခု၏ အတိမ်အနက် ပြီးတော့ ယင်း၏အတွင်းသား တန်ဖိုးမဲ့ရူးသွပ်တိမ်းပါးမှုများကို အထူးသတိချပ်ရပေမည်။

မျက်မှောက်လူငယ်တချို့သည် မိမိတို့နေရပ်ကိုစွန့်ခွာ၍ လူငယ်တို့ဘာဝ အသစ်ကိုရှာဖွေ ချိတ်ဆက်ချင်ကြ၏။ တချို့ကတော့ ကျားကုတ်ကျားခဲ ကြိုးစားရုန်းကန်ရင်း လိုရာပန်းတိုင်ကို ရောက်သွားကြသော်လည်း တချို့မှာ လမ်းခုလတ်တွင် လမ်းပျောက်သွားကြသည်လည်းရှိသည်။

ကရင်လူငယ်များ၏ အနာဂတ်သည် ရွက်သစ်တို့ဖြင့်ဝေနေမည့်အစား အရွက်မတိုင်မီ ပိုးထိုးခြကိုက် နွမ်းလျမည့်အရေးကို ဦးတည်လာသည်။ ကွန်ဆာဗေးတစ်(Conservative) ဆန်သည်ဟုပြောရင်လည်း ရင်ကော့ပြီး ရိုးသားစွာခေါင်းထိုးခံဝံ့ပါသည်။ သို့သော်ရေစီးကြောင်းတိုင်းကို အမြဲပဲကန့်လန့်ဖြတ်တွေးပြီး လျှောက်ဆက်ရှင်သန်နေလို့ကတော့ အနာဂတ်တွင်နောက်ချန်ကျန်ရစ်မှာက သေချာသည်။

ကရင်လူမျိုးများများ၏ ရိုးသားပွင့်လင်းမှု၊ ကတိသစ္စာရှိမှု၊ စိတ်ဓါတ်ရေးရာအရ ပျော့ပျောင်းသော်လည်း လွယ်လင့်တကူ မတိမ်းညွတ်တတ်မှု၊ လွယ်လင့်တကူအ ရေးမယူတတ်မှု စသောတတန်ဖိုးများ လျော့ကျလာသည်။ လူမျိုးတစ်မျိုး၏ စံ (သို့) တန်ဖိုးများပျောက်ဆုံးသွားပါက ယင်းလူမျိုးသည် ကြာရှည်တည်တံ့နိုင်ပါမည်လော။ အထူးသဖြင့် (Ethnic minorities) လူမျိုးစုများအနေဖြင့် အထူးဂရုပြုရမည့် အချက်တစ်ရပ်ဖြစ်ပေသည်။ ယင်းသည် မျက်မှောက်ကာလ၏ အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်ပင် မဟုတ်ပါလား။

ကျွနိုပ်တို့လူ့အဖွဲ့အစည်း၏ ဆိုရိုးစကားတစ်ရပ်ရှိပါသည်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ အရေးကြီးသည်တဲ့။ ယနေ့ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်း၏ စီးဆင်းမှုအောက်တွင် ယင်းတွေးအခေါ်ဖြင့် လုံလောက်နိုင်တော့မည်မဟုတ်ပါ။ ကမ္ဘာကြီးသည် ယနေ့အခါ ရွာကြီးတစ်ရွာအဖြစ် ကူးလူးဆက်ဆံနေချိန် ကျွနိုပ်တို့သည် တစ်ဦးချင်း အကောင်းဆုံးရှင်သန်ရုံဖြင့် မပြီးပါ။

အဝေးတစ်နေရာက လောင်နေသောတောမီးသည် ကျွနိုပ်တို့၏ အရေးပြားကို မပူလောင်စေသော်ငြားလည်း ကျွနိုပ်တို့၏ နှလုံးအိမ်ကို တစ်ခါတစ်ရံ နာကျင်ထိခိုက်စေတတ်ပါသည်။ ထို့ကြောင့် တစ်မျိုးသားလုံးအပေါ် စိန်ခေါ်နေသောပြဿနာကို လတ်တလောကုစားသည့်နည်းကို ရှောင်လွဲပြီး အနာဂတ်အတွက် အကောင်းဆုံး အလင်းတောက်ဆုံးအဖြေကို ၀ိုင်းဝန်းရှာကြံရပါမည်။

သို့မှသာ ကျွနိုပ်တို့၏မနက်ဖြန်သည် ရွက်သစ်တို့ဖြင့်ဝေသော လေနုအေးတို့တိုက်ခတ်သော သာယာနာပျော်ဖွယ် ကျေးငှက်သံတို့ဖြင့်နှောလျက် တစ်နည်းအားဖြင့် အိပ်မက်ဆန်သော ကျွနိုပ်တို့၏ အတွေးများသည် တဖြည်းဖြည်း အသက်ဓါတ်များ ကူးဆက်ကာ အမှန်တရားများ၏ ကျောက်နံရံများအဖြစ် ထိုးထိုးထောင်ထောင် ပေါ်ထွက်လာနိုင်ပါစေဟု ဆုတောင်းရင်း။

ဆက်ဖတ်ရန်...

ကရင်အငြိမ့်

ဆက်ဖတ်ရန်...

ကရင်အငြိမ့်

ဆက်ဖတ်ရန်...

နအဖ သတင်းစာ